https://www.youtube.com/watch?v=1Nrl5Urtp_Y ၁။ DVB မှ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့က အသစ်ထပ်မံဖွဲ့စည်းသည့် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် မူဝါဒများကို မေးမြန်းခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ မူဝါဒအချက် ၅ ချက်ကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ပထမအချက်မှာ ပြည်သူလူထုဝန်ထုပ်ဝန်ပိုး လျှော့ချရေးဖြစ်ပါကြောင်း၊ ပြည်သူများသည် ကိုဗစ်ကာလမှ ယခုအာဏာသိမ်းကာလအထိ ဝန်ထုပ်ဝန်ပိုးများ၏ ဖိစီးမှုဒဏ် ကို ခံစားနေရပါကြောင်း၊ သို့ပါ၍ ယင်းဝန်ထုပ်ဝန်ပိုးတွေ လျှော့ချနိုင်ရန် ကျွန်တော်တို့ ကြိုးစား ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အသိသာဆုံးနမူနာအနေ ဖြင့် လျှပ်စစ်မီတာခများကို လျှော့ချပေးသည့် ကိစ္စဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်များသည် ယခု အချိန်မှ လျှော့ချခဲ့ခြင်းမဟုတ်ပါကြောင်း၊ ပြည်သူ့အစိုးရလက်ထက်မှာကတည်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မိန့်ခွန်းများအတိုင်း လျှပ်စစ်မီတာခများကို များစွာလျှော့ချပေးခဲ့ပါကြောင်း၊ …

အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း နှင့် DVB တွေ့ဆုံမေးမြန်းခြင်းအစီအစဉ် Read More »